New Reservation

Booking အသစ်တင်ရန်အတွက် ပထမဦးစွာ သွားရမှာက “Sales” menu ထဲ က “New Reservation” ကိုသွားရမှာဖြစ်ပါတယ်။

  1. New Reservation ( Booking အသစ်တင်ရန်၊ Fare ကြည့်ရန်၊ Flight ကြည့်ရန် )
  2. Booking Manager ( Ticket Issue လုပ်ရန်၊ Booking အားပြု ပြင်ရန်၊ Refund လျှောက်ရန် )
  3. History ( Booking အချက်အလက်များပြု လုပ်ထားသည့် အသေးစိတ်မှတ်သားထားချက်များကိုကြည့်ရန်)

newreservationmenu

New Reservation လုပ်ဖို့အတွက်ကျွန်တော်တို့ Departure Airport နှင့် Arrival Airport တို့အရင်ရွေးရပါ မည်။ Airport ရွေးရာတွင် ကျွန်တော်ကတော့ Keyboard သုံးရတာပိုကြိုက်ပါတယ်။ မြန်လို့ပါ။ Mouse နဲ့လည်းရွေးလို့ရပါတယ်။ ရွေးလို့ရတဲ့နည်း ၃ မျိုး ကိုတော့အောက်မှာဖော်ပြထားပါတယ်။

Mobile User ( ယခုစာရေးနေတဲ့အချိန်ထိ၊ Mobile မှာတရားဝင်ကောင်းကောင်းမသုံးနိုင်သေးပါ၊ အရရအောင်လုပ်ထားတာပါ၊ သုံးမည်ဆိုသုံးလို့ရအောင်ဖော်ပြပေးထားတာပါ ခင်ဗျာ)
(Dolphin Browser – Andriod, Puffin Browser – iOS တို့ကတော့ နံပါတ် ၃ ကိုကျော်ပြီးလုပ်ဖို့အကြံပြု ပါတယ်)

  1. Three Letter Code ( IATA Code ) နဲ့ရွေးချယ်ခြင်း ( e.g. RGN, NYU, MDL, HEH, MYT, LSH, THL, KET) စာလုံးသုံးလုံးပဲရိုက်ရန်လိုပါတယ်။  Departure Airport (From) ပြီးတာနဲ့ Arrival Airport (To) အတွက် TAB key ကို ကီးဘုတ် ကနေ နှိပ်လိုက်ရုံပါပဲ။ အထက်ပါနည်းအတိုင်းရွေးနိုင်ပါတယ်။ ပြီးရင် ဒုတိယအကြိမ် TAB key နှိပ်ပြီး Departure Date ကိုရွေးဖို့သွားပါ့မယ်။(မှတ်ချက်။ ။ အသွားတစ်ကြောင်း အပြန်တစ်ကြောင်း တင်လိုလျင် Airport ပြန်ရွေးရန်မလိုပေ။ နောက်တစ်ဆင့်တွင် အပြန် Date ရွေးလိုက်ရုံပါပဲ ။ သုံး၊ လေး၊ ငါး sectors တင်ရင်တော့ပြန်ရွေးပေးရန်လိုအပ်ပါတယ်airport-select
    switchairport
    Switch Airport ကို နှိပ်ပြီး အသွားအပြန်ကို ပြောင်းပြန်ပြန်ရွေးနိုင်ပါတယ်။
  2. Three Letter Code မသိလည်းရွေးလို့ရပါတယ်။ Airport တွေရဲ့နာမည်တွေကို English လိုသိရင် ကီးဘုတ်ကနေရွေးလို့ရပါတယ်။ ( e.g Yangon, Mandalay, Heho, … )AIRPORTlongselect.png
    3. နောက်ဆုံးကတော့ အရှင်းဆုံး Mouse နဲ့ရွေးတာပါ။ ဒါပေမဲ့ရွေးနေတာကြာတယ်လို့ ခံစားရပါတယ်။ သူက ရှိသမျှ Airport အကုန်လုံး ဒီ Box ထဲခေါ်ထည့်နေတော့ Internet လိုင်းကျရင် ကြာတတ်ပါတယ်။ဒီနေရာမှာ Mobile user တွေက Scroll ဆွဲမရရင်တော့ Scroll up, Scroll down လုပ်ဖို့ Scroll Bar ကို အပေါ်မျှား အောက်မျှား လိုသလိုနှိပ်ပြီး အသုံးပြု ပေးပါ ခင်ဗျာ။ ပြီးရင် ကိုယ်လို တဲ့ Airport ကိုနှိပ်ပါ။airport mouse select.png
    (Error: Departure Airport, Arrival Airport ရွေးရန်ပေါနေလျင် (သို့) ပျောက်နေလျင် New Reservation ဆိုတဲ့ စာတန်းရဲ့ ညာဘက် အပေါ်ကိုနှိပ်ပြီးပိတ်ပါ။ ပြီးရင်နောက်တစ်ခေါက်ပြန်သွားဖွင့်ပေးပါ။လိုင်းကျရင် ဖြစ်တတ်ပါတယ်။)

Departure/Arrival Date Selection

ဒီနေရာမှာတော့အပေါ်က  1   နဲ့   2   နည်းကိုအသုံးပြု ထားတဲ့သူတွေ (Tab key နှိပ်ပြီးသုံးတဲ့သူ) အတွက် Date ရွေးဖို့ကိုပြောပါ့မယ်။ Depart Date ရွေးတဲ့နေရာမှာ Cursor လေးဝင်နေတာ မြင်ရမှာပါ။ Default ပေါ်နေမှာက ဒီနေ့ Date အပြန်ကတော့ ဒီနေကနေ ၂ ရက်ပေါင်းရက်ကိုပြနေမှာပါ။ ရွေးရန်နည်း ( ၆ ) မျိုးကိုအောက်မှာဖော်ပြပေးပါမယ်။
ဆိုကြပါစို့ ဒီနေ့ကို  15th September 2016 မှတ်ယူကြရအောင်။

  1. ဒီနေ့ အထွက် အတွက် လက်မှတ်ရောင်းလိုလျှင်  ဥပမာ     dd     ကိုနှိပ်ပြီး Tab နှိပ်လိုက်တာနဲ့ Today Date 15th September 2016 ကိုရွေးနိုင်ပါတယ်။
  2. Date အကွက်တွင် ဥပမာ      +1     ထည့်ပြီး Tab key နှိပ်ရင် မနက်ဖြန်ကိုပြမည်    +5,    +10,    +25 အစရှိသလို ဒီနေ့ကစပြီးတွက်ကာဖော်ပြပေးမှာဖြစ်ပါတယ်။ ( မှတ်ချက်  -1   လည်းလုပ်လို့ရပါတယ် )
  3. Date အကွက်တွင် ဥပမာ      1712      လို့ရိုက်ပြီး Tab Key နှိပ်ရင် လာမည့် 17th December 2016 ကိုဖော်ပြမှာပါ။ ( မှတ်ချက်  လာမည့်ရက်ပဲပြပေးပါမည်။ ကျန်ခဲ့တဲ့ ရက်မပြပေးပါ။)
  4. Date အကွက်တွင် ဥပမာ      171216     လို့ရိုက်ရင်လည်း လာမည့် 17th December ကိုဖော်ပြမှာပါပဲ ဒါပေမဲ့ သူကတော့ 171215 လို့ရိုက်ရင်တော့ပြီးခဲ့တဲ့နှစ်ရဲ့ Date အတိအကျကိုဖော်ပြမှပါ။ ဒါကတော့ဗဟုသုတပေါ့။
  5. Date နေရာတွင် ဒီတစ်ခါတော့       17 dec      လို့ရိုက်ရင်လည်း 17th December ကိုပဲဖော်ပြခိုင်းမှာပါပဲ။
  6. ဒီတစ်ခါတော့ Calendar သုံးပြီး Flight Date ကို Mouse နဲ့ ရွေးချင်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ Calendar ပုံအသေးလေးကိုနှိပ်ပါ ပြီးရင်တော့ Calendar အကြီးထဲမှကိုယ်လိုတဲ့ Date ကိုရွေးလိုက်ရုံပါပဲ။

CalendarButton.JPG
\/

Calendar.png

(မှတ်ချက်။ ။ ကိုယ်လိုတဲ့ရက်၏ အပေါ်တည့်တည့်ကို Click ခေါက်ပြီးရွေးရမှာပါ)

ပြီးရင်တော့ ကိုယ်ရွေးလိုက်တဲ့ ရက်ကို Depart / Return ဆိုတဲ့သက်ဆိုင်ရာ Box ထဲမှာပြနေမှာပါ။ Return Date ပါရွေးမယ်ဆိုရင်တော့ နှစ်ခုလုံးရွေးဖို့လိုပါတယ်။ တစ်ကြောင်းတည်းတင်မယ်ဆိုရင်မလိုအပ်ပါဘူး။ “One way only” ကိုအမှန်ခြစ်ရွေးပေးဖို့လိုအပ်ပါတယ်။ အဲဒါမှ အသွား တစ်ကြောင်းကို သီးသီးသန့်သန့်ပြပေးမှာပါ။

onewayonly.JPG

(မှတ်ချက်။ ။”Direct only” ကိုကျွန်တော်တို့လုံးဝမသုံးပါခင်ဗျာ။ Via ပါမပါ Schedule Sheet ကြည့်ခြင်း သို့မဟုတ် လိုအပ်က Reservation Department ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။)

Exact/Around date searching

အရင် ကျွန်တော်တို့ System စစသုံးခြင်းတုန်းက ကျွန်တော်တို့က “Exact” ကိုပဲရွေးခိုင်းပါတယ်။ ပြီးတော့ ဘယ်နှစ် Sectors တင်တင် “One way only” checkbox ကို အမှန်ခြစ်နဲ့ပဲရွေးခိုင်းပါတယ်။ အဓိကကတော့ အမှားမပါစေလိုသောကြောင့်ဖြစ်ပါတယ်။ အခုသုံးတာကြာလာပြီ သုံးတတ်လာပြီလို့ ယူစတဲ့အတွက် “Exact” အပြင် အခြားရွေးစရာတွေကို အသုံးပြုနိုင်အောင် ပြောပြလိုပါတယ်။

  1. “Exact” ကိုရွေးပြီး Search ကိုနှိပ်လိုက်လျင်တော့ မိမိရွေးထားတဲ့ရက်အတိအကျကိုပဲဖော်ပြပေးမှာပါ။
    အဲဒီရက်ရဲ့ ရှိတဲ့ Flight တွေကိုပဲဖော်ပြပေးမှပါ။
  2. ဆိုကြပါစို့ ခရီးသည်က RGN – MDL သွားချင်တယ် ပထမသူပြောတဲ့ရက် 05 October မှာသွားချင်တယ်။ ဒါပေမဲ့ခရီးသွားရာသီ လူပြည့်နေနိုင်တယ်ဆိုတော့ ခန့်မှန်းဝန်းကျင်ရက်မှာရှိတဲ့ RGN – MDL ကိုရှာချင်တယ်။ အဲ့ဒါဆိုရင်-
    1. “+/-1” ရွေးပါက RGN – MDL ရှိတဲ့ ၃ ရက်စာ Flight ကိုပြနေမှာပါ။ 04 Oct, 05 Oct, 06 Oct မှာရှိတဲ့ RGN – MDL သွားလို့ရတဲ့ Flight Number တွေပြနေမှာပါ။
    2. “+/-2” ဆိုရင် 3 Oct, 4 Oct, 5 Oct, 6 Oct, 7 Oct မှာရှိတဲ့ RGN – MDL Flight တွေပြပေးမှာပါ။
    3. “+/-3” ကလည်းအပေါ်ကနည်းတူပါပဲ။

အားလုံးပြီးလျင် “Search” ကိုနှိပ်ပါ (သို့) “Enter” ခေါက်ပါ။

Selecting Flight Date/Flight Number or Time/ Fare/ Currency at Search Result

searchresult

ပုံမှာပြထားသည့်အတိုင်း

  1. ကျွန်တော်တို့က RGN – MDL ကို  5th Oct ရှေ့တစ်ရက် နောက်တစ်ရက်ရှာလိုတဲ့အတွက် +/-1 ကိုရွေးထားပါတယ်။
  2. အပြန် MDL – RGN ကို 10th Oct တစ်ရက်တည်းအတိအကျပြလိုတဲ့အတွက် “Exact” ကိုရွေးထားပါတယ်။ အပြန် Sector ရွေးလိုတဲ့အတွက် “One-way only” ကိုအမှန်ခြစ်ဖြုတ်ထားပါတယ်
  3. ပြီးတော့ “Search” ကိုနှိပ်ပါတယ်။ ဘယ်ဘက်အပေါ်ပိုင်းက Flight Search တာဝန်ပြီးသွားပါပြီ။ အောက်ဘက် Availability & Fare Display ကိုကြည့်ပေးပါခင်ဗျာ။

Depart/Return Flight ရွေးချယ်ခြင်း

ညာဘက်အလယ်လောက်က လေယာဉ်ပျံပုံ လေးကို Click ထောက်ပြီး  ရွေးချယ်နိုင်ပါတယ်။ သက်ဆိုင်ရာ Flight Time/Flight နဲ့ပတ်သက်တဲ့ Fare တွေကို ညာဘက်ခြမ်းမှာ ဖော်ပြပေးမှာပါ။

  1. Depart Flight ( အစိမ်းရောင် )
    အပေါ်က Flight search အတိုင်းရှာထားတဲ့အတွက် ပုံမှာ RGN – MDL သွားနိုင်သော ရှေ့တစ်ရက်နောက်တစ်ရက်ဖြစ်သော

    1. 4th October
      1. 6:30 YH917
      2. 7:00 YH909
      3. 11:00 YH729
      4. 11:00 YH825
      5. 15:00 YH731
    2. 5th October
      1. 6:30 YH909
      2. 6:30 YH917
      3. 11:00 YH737
      4. 11:00 YH825
      5. 15:00 YH731
    3. 6th October
      1. 6:40 YH917 အစရှိသည်ကိုပြနေမှပါ။
  2. Return Flight ( ခဲရောင် ) ကတော့ “Exact” ကိုရွေးတဲ့အတွက် ကိုယ်ရွေးခဲ့တဲ့   10th October  ကိုအတိအကျ ပြနေမှာပါ။

* ကိုယ်အလိုရှိတဲ့ Flight Number ကိုရွေးလိုက်တာနဲ့ Flight Num ၏ညာဘက်ခြမ်း (တစ်နည်း) Screen ၏ အလယ်တွင်ရှိသော Box တွင် သက်ဆိုင်ရာ Fare များ (e.g. Foreigner Fare, Local Fare, Guide Fare, etc.. ) များပေါ်လာမှာဖြစ်ပါသည်။

(Errors: “Inventory Segment is Missing” or “Flight segment cancelled” ဟူသောအနီရောင် Box လေး အနီရောင် ကြက်ခြေခတ်လေးနှင့် Error တက်ပါက ကျွန်တော်တို့ရွေးခြယ်ထားသော Departure သို့ Arrival သို့ Depart/Return နှစ်ခုစလုံး Route Cut/Cancel လုပ်ထားခြင်းဖြစ်ပါသည်။ လိုအပ်က Reservation Department သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

“Send fail”, “Error”, “Warn” ပေါ်လာပါက Internet connection ကြောင့်ဖြစ်ပါသည် ပြန် နှိပ်ကြည့်ပေးပါ။)

(မှတ်ချက်။ ။ Flight ရွေးသော်လည်း ညာဘက် Fare Selection Box တွင် Fare များမကျခဲ့သော် Reservation Department သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်)

Fare Selection / Fare ရွေးခြယ်ခြင်း

Fare မရွေးခင် လုပ်စေချင်တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့လူဦးရေ (Pax count, Pax Type ) တို့ရွေးတဲ့ Box မှာ Pax Count ကို   ” 1 ” ပဲထားထားစေချင်ပါသည်။

ဒါမှာသာ ၁ ဦး အတွက်ကျသင့်သည့်ဈေးနှုန်းကိုသိရှိနိုင်မှာပါ။

နောက်မှ လိုအပ်ရင် အရေအတွက်ကို အတိုးအလျော့ပြုလုပ်နိုင်ပါသည်။ Pax count တွင် အများဆုံး ” 9 ” ဦးအထိထားပြီး Booking တင်နိုင်ပါသည်။ အပေါ်က Group Booking ကိုအမှန်ခြစ်ထားမှ ” 10 ” ဦးနှင့်အထက် Group Booking တင်လို့ရမှာပါ။ ယခုကတော့ Direct Group Booking ပိတ်ထားတဲ့အတွက် ” 9 ” ဦးထက်ပိုသော Group Booking များကို ရုံးချုပ်တွင်ဆက်သွယ်ပြီး Booking တင်နိုင်ပါသည်။

Paxtypepaxcount.JPG

Child ( ၂ နှစ် က နေ ၁၂ နှစ်အထိ ကလေးများ) သီးသန့် Booking တင်လို့ရပါသည်။
Infant ( ရင်ခွင်ပိုက် ၂ နှစ်အောက် ) သီးသန့် booking တင်လို့မရပါ။

Flight Time/ Flight Number ရွေးပြီးတာနဲ့ ညာဘက်မှာ မြင်ရမည့် Fare Box ကတော့အောက်ပါအတိုင်ဖြစ်ပါသည်။

FareNormalView.png

ကြည့်ရတာတော့နဲနဲရှုပ်နေပါလိမ့်မည်…

မရှုပ်အောင်စီလို့ရပါတယ်။ Column Name – “Fare Basic”, “RBD”, “AV(Availability)”, “Fare” တို့နဲ့ စီလို့ရပါတယ်။ သို့) Fare ကိုစီစစ်လို့ရပါသေးသည် Foreigner Fare, Local Fare, Guide Fare။ Fare Sorting ပြီးလျင် Fare Filter ပြပါမည်။

Fare Sorting

ကျွန်တော်ကတော့ Fare Basic နဲ့စီစေချင်ပါတယ်။ အဲ့ဒါမှသက်ဆိုင်ရာ Foreigner ဆို Foreigner ၊ Local ဆို Local ၊ သက်ဆိုင်ရာ Group အလိုက် အစဉ်လိုက်ကလေးဖြစ်နေမှာပါ။

SortedFare.JPG

အခုမှစသုံးမည့်သူများနှင့် တစ်ချို့သောသူများမှာ Foreigner Fare နှင့် Local Fare မှားရွေးကြလို့ဖြစ်ပါသည်။
Local (မြန်မာနိုင်ငံသား) ကို Foreigner Fare ဈေး နဲ့ မှားကောက်မိပြီး ခရီးသည်ကြည်ဖြူရင်တော့သိပ်ကိစ္စမရှိပေမဲ့။
Foreigner (နိုင်ငံခြားသား) ကို Local Fare ဈေး နဲ့ မှားကောက်မိရင်တော့ လျော်ရမည့်အကွက်ဖြစ်နိုင်ပါသည်။ ခရီးသည်ကလည်းထပ်တောင်းရင်သိပ်မကြည်လောက်ပါဘူး။ တောင်းလို့လဲရနိုင်မှာမဟုတ်လောက်ပါဘူး။

(မှတ်ချက်။ ။ ပုံတွင်ပြထားသည့်အတိုင်း LOCAL 2016-17 မှာ MMK ဈေးဖြစ်သော်လည်း USD နှင့် ပြနေမှာပါ။ အဲ့ဒီအတွက် LOCAL FARE ဈေးအမှန်သိလိုပြီး ရွေးလိုလျင် ပုံရဲ့ညာဘက်အပေါ်နားက USD ကို MMK ပြောင်းပေးပါ။ Guide က USD နဲ့ကောက်ပါသည်။)

Fare Filter

ပုံတွင်ကျွန်တော် Local Fare ကိုရွေးထားပါသည်။ ဒါကြောင့် Local Fare သီးသန့်ပြနေတာပါ။ နောက်…

MMK ပြောင်းထားတဲ့အတွက် Kyat ငွေအနေနဲ့ပဲပြနေမှာပါ။ ဒီ System ကတော့ Fare Currency ကိုတစ်ခုထဲပဲပြတဲ့အတွက် ရွေးပေးရန်လိုအပ်ပါသည်။

FareFilter.JPG

ယခုကျွန်တော်တို့က 18 Oct YH825 RGN 11:00 – MDL 12:25 အတွက် Booking တင်ပါတော့မယ်။

Fare ရွေးရန် [ + ] Green Plus Sign, အစိမ်းရောင် အပေါင်းလက္ခဏာ လေးကိုနှိပ်ပြီး Fare ရွေးလို့ရပါသည်။ နှိပ်လိုက်တာနဲ့ ညာဘက်ခြမ်းတွင်ရှိသော Itinerary Detail ထဲကိုစာရင်ဝင်သွားမှားပါ။ Booking မတင်ရသေးပါဘူး။ စီစဉ်တုန်းပဲရှိပါသေးတယ်။ အသွားအပြန်ကျွန်တော် Booking တင်ပါမယ်။

18th Oct RGN-MDL YH825 နဲ့ သွားပြီး
20th Oct MDL-RGN YH918 နဲ့ ပြန်မှာပါ

Itinerary2.JPG

Agent တွေအတွက်ဆိုရင် –

  • SubTotal – က တော့ခရီးသည်ပေးရမည့်ပိုက်စံပါ။
  • Commission – က တော့ Agent ကရမည့် Commission Amount ပါ။
  • Total – က တော့ Agent က Airline ကိုပေးရမည့် ပမာဏပါ။ ( Airline ၀န်ထမ်းတွေကတော့ ဒါဟာခရီးသည်စီကတောင်းရမည့် ပမာဏပါ။

Fare Info ကို Pax Type ဖြင့် ကြည့်ရန် ( i ) Information Icon, အပြာရောင် i ပုံလေးနှိပ်ပါ။

Adult Fare, Child Fare, Infant Fare ကိုပြနေမှာပါ။

fareinformation

Calculate Button

အရင်စီစဉ်ပြီးသားရှိသော်လည်း စီစဉ်နေစဉ်

  • Fare အပြောင်းအလဲ
  • Segment ( Sector ) အပြောင်းအလဲ
  • Date အပြောင်းအလဲကြောင့် Fare ပြောင်းသွားခြင်း နှင့်
  • လူဦးအပြောင်းအလဲ ကြောင့် ယခင်ဈေးနှုန်းများမှာပြောင်းသွားသော်လည်း System Calculation မှာ ချက်ခြင်း လိုက်မပြောင်းခြင်းကြောင့် Calculate နှိပ်ရန်လိုအပ်ပါသည်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s